Latest Movie :
Home » » The Interview (2014)

The Interview (2014)

{[['']]}

The Interview (2014)
ဒီဇာတ်ကားကို မြန်မာစာတန်းထိုးနဲ့တောင်းဆိုကြသူတွေများလို့
ကသာသားလေး နဲ့ ကျွန်တော် Nyeinsaeya Aung တို့ကြိုးစားဘာသာပြန်ခဲ့ပါတယ်။
ကျွန်တော်တို့နှစ်ယောက်လုံးက Professional Translator များမဟုတ်ကြတဲ့အတွက်
(ဇာတ်ကားကလဲ ဗန်းစကားနဲ့ ညစ်ညမ်းစကားတွေများလို့) ဘာသာပြန်အမှားအယွင်းနဲ့
လိုအပ်ချက်များရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြဖို့ အရင်ဆုံး စကားခံထားချင်ပါတယ်။

ဒီကားကလတ်တလော သတင်းကြီးနေပြီး Sony က ပြမယ်ပြောလိုက် မပြဘူးပြောလိုက် လုပ်နေရာကနေ Youtube, Google Play စတဲ့ အွန်လိုင်း Video Hosting တွေကနေ စတင် ငှားရမ်း ပြသရာကနေ အခု ရုံတွေမှာပါ တင်ပြီး ပြနေပြီဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့.....
James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။ သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူတွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။ တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ သိသွားရာကနေ Interview လုပ်ဖို့ဖြစ်လာပါတယ်။ ဒီကနေ အားလုံးသိတဲ့အတိုင်း CIA က Kim Jong-un ကို သတ်ပေးဖို့ တာဝန်ပေးလာပါတယ်။ တကယ်တမ်းမြောက်ကိုရီးယားကို ရောက်သွားတော့ James Franco ရဲ့ Character ဖြစ်တဲ့ Dave Skylark က Kim Jong-un ရဲ့ ညာတာခံရပြီး အစီအစဉ်တွေပြောင်းသွား ပုံကို ဟာသဆန်ဆန်တင်ဆက်ထားပါတယ်။

သုံးသပ်ချက်အနေနဲ့..... ရုပ်ရှင်ထဲမှာ မနှစ်သက်စရာတွေအနည်းငယ်ပါပေမယ့် လူသားအငွေ့အသက်တွေများစွာတွေ့ရပြန်တယ်။ စကားဆို စိတ်ထဲပါပါ မပါပါ လျှာပေါ်လေဝဲပြောတဲ့ အမေရိကန်စကားပြောပေါက်ကို ဘယ်သူမှမမီပါဘူး။ တစ်ဦးတစ်ယောက်က ဘယ်လိုတွေမမှန်တာတွေလုပ်ခဲ့ လုပ်ခဲ့ လူချင်းကိုယ်တိုင်တွေ့တဲ့အခါ “ မင်းလုပ်သလား ? ဟုတ်ရဲ့လား ? ” လို့ မေးပြီးမှ ယုံချင်တယ်။ ဒီလူက အခုကောင်းတာလုပ်ပြီဆိုရင် ဒုတိယအခွင့်အရေးပေးချင်တယ်။ အဲ .. သူတို့လက်တွေ့မှာ ယုံပြီဆိုတဲ့လူ လိမ်သွားပြီ ဆိုရင်တော့ မခံမရပ်နိုင်အောင် ဆန့်ကျင်ကြတယ်။ တရားမျှတမှုကို မြတ်နိုးတယ်။ အမှန်ကို အမှန်အတိုင်းရင်ဆိုင်တာကို လိုချင်တယ်။ ပြီးတော့ သိတဲ့အတိုင်း ဟောလီဝုဒ်ကားဆိုတော့ မိသားစုအတူထိုင်ကြည့်ဖို့ခက်တဲ့ လူကြီးကြိုက်အခန်းအနည်းငယ်တော့ မပါရင် မဖြစ်ပေဘူး။

[IMG]


ဇာတ်ဝင်ခန်းထဲမှာ နာမည်ကျော်အဆိုတော် Eminem နဲ့အင်တာဗျူ းမှာ “ ခင်များ ဘယ်လိုမျိုးတွေကို Rap စာသားလုပ်ဆိုလဲ? မုန်းတဲ့သူတွေကိုလား? ” ဆိုတဲ့ ဒေ့ဗ် ရဲ့ အမေးကို “ ကျွန်တော်မုန်းတဲ့သူတွေကို Rap လုပ်မဆိုပါဘူး။ ကျွန်တော်ကြောက်တဲ့အရာတွေကိုသာ Rap စာသားလုပ်ပြီး သီချင်းထဲထည့်ဆိုတာပါ ” ဆိုပြီး “ Hate ” နဲ့ “ Fear ” ကို ခွဲခြားပြသွားတဲ့အဖြေကို နှစ်သက်မိတယ်။ ထို့အတူပဲ .. သမ္မတကင်ရဲ့ အထူးအားကိုးရတဲ့ ဘယ် နဲ့ ညာ လက်ရုံး ( ၂ ) ယောက်သေဆုံးသွားတဲ့အခါ Kim ရဲ့ ဆောက်တည်ရာမရတဲ့ “ Fear ” ကို ပုံဖော်ထားတာ ပီပြင်လှပါတယ်။

ဒီအင်တာဗျူးကိုလက်ခံ မခံစဉ်းစားဖို့ အက်ရွန်တို့ ( ၂ ) ယောက်ကို အချိန် ( ၂၄ ) နာရီပဲ ပေးထားတယ်။ မြောက်ကိုးရီးယားဖက်က ကြိုတင်ချပေးတဲ့မေးခွန်းကိုပဲမေးရမယ်ဆိုတော့ ထုတ်လုပ်သူက လက်မခံချင်ဘူး။ ဒီအချိန်မှာ ဒေ့ဗ် က “ လက်ခံရမယ်။ ငါတို့ ဒီအင်တာဗျူးကိုလက်ခံရမယ်။ ဒါဟာ ငါတို့သမိုင်းမှာ အကြီးအမားဆုံးမှတ်တိုင်ဖြစ်ရမယ်။ ဂျာနယ်လစ်တွေရဲ့ ပထမဆုံးလုပ်ရမယ့်အလုပ်က အင်တာဗျူ းဖြေချင်အောင် ဖြေချင်တာ ဖြေခွင့်ပေးတာပဲ ” ဆိုတဲ့စကားဟာ လက်ရှိအမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီနေပြန်တယ်။ ဟုတ်ပါတယ် .. အစပိုင်းမှာ အမေရိကန်တွေ ဘယ်ကိစ္စကိုမှ သဘောမတူဘူးပြောလေ့မရှိပါဘူး။ နောက်ပိုင်းကျမှသာ သူတို့လိုရာကို ဆွဲဆောင်စည်းရုံးပြီး စီးပွားရေး၊ နိုင်ငံရေးအမြတ်ထုတ်တာ မြင်ကြ သိလာကြရစမြဲပါ။

ဒီရုပ်ရှင်ကနေ ကြည့်ရှုသူတွေ ဘာရလိုက်သလဲ? ရှင်းပါတယ်။ Facebook ဘာသာစကားနဲ့ပြောရရင် ခံယူချက်အရ စည်းရုံလို့မရတဲ့ အာဏာရှင်ကို “ Poke ” လုပ်လိုက်ခြင်းလို့ပဲ ရိုးသားစွာမြင်မိတယ်။ အခုချိန်ဆို ဒီရုပ်ရှင်ကိုကြည့်ပြီးလောက်တဲ့ သမ္မတကင်လည်း ခုန်ဆွဆွ ဖြစ်နေလောက်ပါပြီ။ သူ့လိုအာဏာရှင် - Dictator တစ်ယောက်ဟာလည်း လူသားပါလားဆိုတာ ပါဝါစားလက်တစ်ဆုပ်ရော၊ ( ၉၉% ) သော ဆင်းရဲသားများကိုပါ သိစေချင်တာ ပေါ်လွင်နေပါတယ်။
(ဇာတ်လမ်းအကျဉ်းကို ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပြီး သုံးသပ်ချက်ကို koko2yeye@gmail.com
ဆီမှကူးယူဖော်ပြပါသည်)

File size...924MB
Quality....WEB-DL Rip 480p
Format...mp4
Duration....01:52:10
Subtitle....Myanmar Subtitle(Hardsub)
Encoder....Nyeinsaeya Aung

The Interview (2014)mmsub

File Size :(924mb)Blueray

MediaFire Link

Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger