{[['']]}
47 Ronin(2013)
#ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ တစ်ချိန်က နာမည်ကြီးမင်းသား Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန် ရဲ့ သမိုင်းဝင် သူရဲကောင်း ၄၇ ယောက်ရဲ့ တကယ့်အဖြစ်အပျက်တွေက နေ အိုင်ဒီယာယူပြီး Sci-Fi, Fantasy ဇာတ်ကားအနေနဲ့ တင်ဆက်ထားပါတယ်။
ဇာတ်လမ်းကိုမပြောခင်မှာ တစ်ခုကြိုပြောချင်တာက ဒီကားကို ကြည့်တဲ့အခါ ဒီကားက လက်ရှိကျွန်တော် တို့ ကမ္ဘာထဲမှာဖြစ်နေတာမဟုတ်ပဲ တစ်ခြား Parallel ကမ္ဘာတစ်ခုမှာ ဖြစ်နေတာလို့ သဘောထားပြီး ကြည့်ရင်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဟယ်ရီပေါ်တာတို့၊ Batman: The Dark Knight Return (Animation) တို့ လိုမျိုးပါ။ ဟယ်ရီပေါ်တာလို တကယ်မရှိတာကို စိတ်ကူးယဉ် ဆန်ဆန် လက်ရှိကမ္ဘာနဲ့ တွဲရိုက်ထားပြီး၊ Batman ကာတွန်းလို့ လက်ရှိ Batman Main stream ကာတွန်းမှာ မဟုတ်တဲ့ ဇာတ်လမ်းကို တစ်ခြားစင်္ကြာဝဠာတစ်ခု (Parallel Universe) အနေနဲ့ ရိုက်ကူးထားပါတယ်။တစ်ချို့က ဒီကားကိုကြည့်ပြီး မကောင်းဘူး၊ ဂျပန် ရိုးရာကို စော်ကားတယ် လို့ ပြောနေတာဟာ အထက်က ကျွန်တော် ပြောသလို သဘောမထားလို့ပါ။ ဒီကားက သမိုင်း ကြောင်းပြန်ပြောပြတဲ့၊ History, Biography မဟုတ်ပါဘူး။ Fantasy ကားပါ။ဇာတ်လမ်းကတော့ ရှေးဟောင်း ဂျပန် နိုင်ငံမှာ စုန်းမတွေ၊ ၀ိဇ္ဇာတွေ၊ Giant တွေ ရှိတဲ့ ပုံစံမျိုးနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ မင်းသား Keanu Reeves (Kai) က Demon ရဲ့လက်မှာ ကြီးပြင်းလာပြီး၊ Demon တွေက သူ့ကို ပညာစုံ သင်ပေးထားပါတယ်။ ဒါပေမယ့် Kai က သူတို့လက်က ထွက်ပြေးလာခဲ့ပြီး နောက် Samurai တွေရဲ့ ဆရာ Lord Asano က သူ့ကို ကယ်တင်ထားပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ Lord Asano ရဲ့ သမီးနဲ့ Kai တို့ကြားမှာ သံယောစဉ်ဖြစ်လာကြပေမယ့် ကျန်တဲ့သူတွေက အင်္ဂလိပ်လူမျိုးအဖေ နဲ့ ဂျပန်မိခင်တို့က မွေးဖွားတဲ့သူ (Half-breed) မို့လို့ သူ့ကို ဝိုင်းနှိမ်ကြပါတယ်။တစ်ရက်မှာ ဂျပန် ဘုရင် က သူတို့ရဲ့ နယ်ကို ကြွချီလာပြီး သူတို့နဲ့ ရန်ဖက်နယ်က Lord Kia လည်း ရှေးအစဉ်အလာအတိုင်း သူတို့နယ်ကို ရောက်လာပါတယ်။ Lord Kia ရဲ့အပါးမှာ စုန်းမတစ်ယောက် ရှိပြီး (Rinko Kikuchi, Pacific Rim) သူ့ရဲ့မှော်အစွမ်းနဲ့ Lord Asano ကို အကြိမ်ကြိမ် လုပ်ကြံဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူ့ကို Kai တစ်ယောက်ပဲ ခွဲခြားမြင်နိုင်ပြီး (ဒီလိုမြင်နိုင်တာက လည်း Demon တွေက သင်ထားပေးလို့ဖြစ်တယ်လို့ ယူဆရပါတယ်။) ဒါပေမယ့် Samurai တွေကို သတိပေးတဲ့အခါမှာတော့ ဘယ်သူမှ သူ့စကားကို အရေးမလုပ်ကြပါဘူး။ဒီတစ်ခါမှာတော့ စုန်းမက Lord Asano က Lord Kia ကို ရန်မူတဲ့ပုံစံမျိုး ဖြစ်အောင် ဆေးခပ် လုပ်ကြံပြီး Lord Asano ကို (ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းဖြင့်)ဘုရင်က သေဒဏ်ပေးအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေရာမှာ Ronin ရဲ့ အဓိပ္ပာယ်ကို ဇာတ်ကားက Ronin ဆိုတာ Master-less Samurai ဖြစ်ပြီး၊ သူတို့ရဲ့ဆရာသေ သွားတဲ့နောက်မှာ သူ့နောက်လိုက်တွေ အကုန်လုံး Ronin ဖြစ်သွားပြီး သူတို့ရဲ့ နယ်က နေမောင်းထုတ်ခံ လိုက်ရပါတယ်။ Kai ကိုလည်း Dutch တွေဆီကို ကျွန်အဖြစ်ရောင်းခံ လိုက်ပါတယ်။ Lord Asano ရဲ့သမီးကိုလည်း Lord Kia ရဲ့ လက်ထပ်ဖို့ ဘုရင်က မှာကြားခဲ့ပြီး၊ အဖေသေဆုံးထားတာကြောင့် ၁ နှစ်အချိန်ပေးပြီး တစ်နှစ်ကြာမှ လက်ထပ်မှာဖြစ်ပါတယ်။
Samurai တွေရဲ့ ခေါင်းဆောင် Oishi ကိုလည်း အကျဉ်းချထားပြီး မင်္ဂလာဆောင်ခါနီးမှ ပြန်လွှတ်ပေးပါတယ်။ဒါကြောင့် Oishi အနေနဲ့ သူ့လူတွေကို ပြန်လိုက်စုပြီး Lord Kia ကို လက်တုန့်ပြန်ဖို့ စီစဉ်ပုံ၊ အရင်က သူ့ရဲ့ မာနတွေကိုချပြီး Kai ကို ပြန်လိုက်ရှာကာ အကူအညီတောင်းရပုံကို ဇာတ်လမ်းစဉ်ရိုက်ကူးထားပါတယ်။ကျွန်တော်အထက်မှာပြောခဲ့သလို Fantasy ကားအနေနဲ့ ပဲသဘောထားကြည်ရင် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ Keanu Reeves ကို မွေးစားခဲ့တဲ့ Demon ဆိုတာ ဂျပန် ဘုန်းကြီး တွေဖြစ်ပြီး၊ ဘုန်းကြီးတွေကို ဆာမူရိုင်းတွေက Demon အဖြစ်သတ်မှတ်ထားပါတယ်။ (ဗုဒ္ဓဘာသာ မထွန်းကားသေးတဲ့အချိန်လို့ယူဆလို့ရသလို၊ တစ်ခြားကမ္ဘာမှာဖြစ်လို့ ဗုဒ္ဓဘာသာလို့ တောင် ယူဆလို့မရပါဘူး)။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ ဘုရားဆင်းတုတော် တွေပါနေတာတော့ တစ်မျိုးပါ။ Keanu Reeves ကို ပညာသင်ပေးခဲ့သလို ဘုန်းကြီးတွေကပဲ စုန်းမတွေကို နိုင်တယ်ဆိုတဲ့ သဘောမျိုး တွေ ပါပါတယ်။ ဒါပေမယ့် တစ်ခန်းမှာ မင်းသားက သူ့ကို သင်ပေးတဲ့ Demon တွေက လူသတ်ဖို့သင်ပေးလို့ ထွက်ပြေးလာတယ်လို့လည်း ဆိုပြန်ပါတယ်။ ဘုန်းကြီးတွေက လူသတ်တာမျိုး၊ မကောင်းမှုလုပ်တာမျိုးတွေ မဟုတ်ပါဘူး။ Samurai တွေက အထင်လွဲနေတဲ့ အနေနဲ့လည်း ပြထားတာဖြစ်ပါတယ်။ တကယ့် ဂျပန်မှာလည်း အဲ့ဒီအချိန်မှာ ဗုဒ္ဓဘာသာ မထွန်းကားသေးပါဘူး။ ၁၃ရာစုနောက်ပိုင်းမှ ထွန်းကားတယ်လို့ သိရပါတယ်။ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Graphic Effect တွေကောင်းမွန်သလို၊ Keanu Reeves ရဲ့ တစ်ချို့ Fight Scene တွေက Computer Graphic ဖြစ်ပြီး များသောအားဖြင့်ကတော့၊ သဘာဝသိုင်းကွက်တွေ ဖြစ်ပါတယ်။ Matrix ဇာတ်ကားထဲက Neo vs Agent Smith ဇာတ်ဝင်ခန်းလောက် မကောင်းပေမယ့် အဲ့ဒီကားကိုပြန် အမှတ်ရစေပါတယ်။ ဇာတ်ရှိန် ကတော့ အတက် အကျ သိပ်မမှန်သလို၊ ဇာတ်လမ်း သရုပ်ဖော်ပုံလည်း အနည်းငယ် ညံ့ပါတယ်။ ဥပမာ Samurai ခေါင်းဆောင် အဓိက ရန်သူကို မသတ်ပဲ ကျွင်းထဲ ၁နှစ်ပစ်ချထားပြီးမှ ပြန်လွှတ်ပေးတာမျိုး၊ (သူ့ပါသူထွက်ပြေးတယ်ဆိုရင်တောင် ကြည့်ကောင်းဦးမှာပါ) တွေက ဇာတ်လမ်းရဲ့အားနည်းချက်တွေပါ။Keanu Reeves ကို ဒီကားနဲ့ နာမည်ပြန်တက်လာဖို့ မျှော်လင့်ထားပေမယ့် ထင်သလောက်မဖြစ်လာပါဘူး။ အထူးသဖြင့် အချစ်ခန်းတွေ၊ ဝမ်းနည်းတဲ့အခန်းတွေမှာ သူ့ရဲ့ မျက်နှာသေကြီးနဲ့ သရုပ်ဆောင်တာတွေ၊ ဒိုင်ယာလော့အချို့ သိပ်မပီပြင်တာတွေကြောင့် သိပ်တော့ အားမရသေးပါဘူး။ အက်ရှင် အခန်းတွေ မှာတော့ သရုပ်ဆောင်ပီပြင်ပါတယ်။ ဇာတ်လမ်းကိုသူနဲ့ Oishi က ဆွဲခေါ်သွားတာဖြစ်ပြီး Oscar Nominated မင်းသမီး Rinko Kikuchi ကလည်း ဗီလိန်နေရာက ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ တစ်ခုပဲပြောချင်တာက Rinko Kikuchi က အဓိက ဗီလိန်ဆိုပေမယ့် ဇာတ်ကားအစပိုင်းမှာ Lord Kia ရဲ့ သူရဲကောင်းအဖြစ် Samurai ဝတ်စုံဝတ် အရပ်ခုနစ်ပေနီးပါးရှိတဲ့ Samurai တစ်ယောက်ကို Keanu Reeves နဲ့ ချခိုင်းပြီး အနိုင်အရှုံးမကွဲ ပြားပါဘူး။ တကယ်ဆို ဇာတ်သိမ်းပိုင်းမှာ သူနဲ့ရော Witch နဲ့ပါ ချခိုင်းရင် ပိုကောင်းမှာဖြစ်ပေမယ့် အဲ့ဒီလူဆိုးကို သတ်လိုက်တဲ့ပုံစံကို သိပ်သဘောမကျပါဘူး။ ဒါဒီနှစ်ထဲမှာ Out of the Furnace ပြီးရင် ဗီလိန်ကို မင်းသားနဲ့ သေချာမတွေ့ပေးတဲ့ ဒုတိယမြောက် ကားဖြစ်ပါတယ်။မိသားစုတူတူကြည့်နိုင်ပါတယ်။ Rated PG-13 ပါ။ (No Sex, No Nudity) မိသားစု အပန်းပြေကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ Keanu Reeves ရဲ့ ပရိတ်သတ်တွေအတွက်ကတော့ ၅ နှစ်အတွင်းမှာ ပထမဆုံး ရုပ်ရှင်ကောင်းတစ်ခုမှာ ပြန်ကြည့်ရမှာဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။ ဒီကားကနေစလို့ နောက်ပိုင်း ကားတွေ ပိုကောင်းသွားပါစေလို့ပဲ မျှော်လင့်ရပါတယ်။
#Sololay
(အညွှန်းကို ရုပ်ရှင်မိတ်ဆက်(Movie Reviews) မှ ကူးယူဖော်ပြပါသည်…) File size – (1GB)Quality – 1080PFormat – MP4Duration 2h 8mSubtitle – MyanmarEncoder – Thit San Khant