Latest Movie :
Home » » Radioactive (2019)

Radioactive (2019)

{[['']]}

Radioactive (2019)

ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီးကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။
မဒမ် ကျူရီ တွေ့ခဲ့တာကတော့Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီးသိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့်အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက်သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့်ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီးလူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့အကူအညီတွေပေးခဲ့ပါတယ်။ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့သေဆုံးခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစသိပ္ပံပညာရှင်ဘဝ အောက်ခြေကနေသူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊အဆုံးသတ်ချိန်ထိ ပြသထားတာကို တွေ့ရမှာပါ။မင်းသမီးကလည်း Gone Girl တို့ Price and Prejudice တို့မှာပါဝင်ခဲ့တဲ့ Rosamund Pike မို့ အတော်ကိုကြည့်ရအဆင်ပြေပါတယ်။အထ္ထုပ္ပတ္တိရုပ်ရှင် ကြိုက်သူတွေအတွက်ကြည့်စရာ နောက်တစ်ကားပါပဲ။

Download Link

Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger