Latest Movie :
Home » » App War (2018)

App War (2018)

{[['']]}

App War (2018)

Start-Up ဆိုတဲ့ စကားလေးက ယနေခေတ် လူငယ်တွေကြားမှာ ရေပန်းစားလာပါတယ်…လူငယ်တော်တော်များများက သူတိုက အလုပ်တွေကနေ ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်းတွေ start-up လုပ်ကြပါတယ် ။အဲ့ထဲမှာ ၉၀ ရာခိုင်နှုန်းက ကျရှုံးပြီး ၈ ရာခိုင်နှုန်းက ခက်ခက်ခဲခဲ ရုန်းကန်ရပါတယ်
၂ ရာခိုင်းနှုန်းလောက်ကသာ အောင်မြင်ကြတာပါ
လူငယ်အချို့ဟာ အောင်မြင်မယ့် ၂ ရာခိုင်နှုန်းထဲမှာ သူတို့တွေပါမယ်လို့ အတိကျ မပြောနိုင်ပေမယ့်လည်း ဒီလိုစွန့်စားမှုမျိုးတွေကို လုပ်ကြပါတယ်…ဒီတစ်ခါတော့ အဲ့လိုစွန့်စားပြီး start-up လုပ်ကြတဲ့ လူငယ်တွေအကြောင်းကိုရိုက်ကူးထားတဲ့ Movie လေးတစ်ခုကို CM fan တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
———————-
Bom ဟာ သူငယ်ချင်းတွေနဲ့ အတူ start-up ပြိုင်ပွဲတွေကို ဝင်ပြိုင်လေ့ရှိပါတယ် ၊
ပြိုင်ပွဲမှာ အခြားအဖွဲ့က အနိုင်ရသွားပြီး သူတို့ရဲ့ App ကို ရွေးချယ်မခံခဲ့ရတာကြောင့် စိတ်ညစ်နေခဲ့ပါတယ်
June ဆိုတဲ့ ကောင်မလေးကလည်း Bom လိုပဲ ပြိုင်ပွဲဝင် တစ်ယောက်ပါပဲ သူမအဖွဲ့ရဲ့ App ကလည်း ရွေးချယ် မခံခဲ့ရပါဘူး ။ပြိုင်ပွဲတွေမှာ သူတို့ ၂ယောက်က ခဏခဏ ဆုံဖူးတာကြောင့် အချင်းချင်းမှတ်မိနေကြပါတယ်
ပြိုင်ပွဲအပြီး သူတို့ကြိုက်တဲ့ အ္နိ္ဒိယစားသောက်ဆိုင်တစ်ခုမှာ ထပ်ဆုံတော့ အတူထိုင်ရင်း စကားတွေဖောင်ဖွဲ့ခဲ့ကြပါတယ် ။အဲ့ကအပြန်မှာပဲ ၂ ယောက်လုံးက နောက်ထပ် APP အသစ်တစ်ခုထွင်ဖို့ အကြံဉာဏ်ရသွားခဲ့ကြတယ်
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ ၂ ယောက်ရဲ့ အတွေးတွေက သွားတူနေတဲ့အခါ
ဆင်တူရိုးမှား APP လေး ၂ ခုက အချိန်သိပ်မခြားပဲ APP STORE မှာ ရောက်ရှိသွားခဲ့ပါတယ်…တစ်ယောက်နဲ့တစ်ယောက် copy ကူးတယ်လို့ အထင်လွဲမှားမှုတွေနဲ့ သူတို့ ဘယ်လိုတွေ အငြင်းပွားကြမလဲ ?App အတွက် ထောက်ပံ့ငွေရဖို့ အချင်းချင်း ဘယ်လိုတွေ ယဉ်ပြိုင်တိုက်ခိုက်မလဲ ?နောက်ဆုံးမှာကော ဘယ်သူက အနိုင်ရမှာလဲ ?အဲ့လိုတိုက်ခိုက်နေရင်းကပဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားတဲ့အခါမှာ ဘာဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော်…။

Download Link 


Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger