Latest Movie :
Home » » Torpedo: U-235

Torpedo: U-235

{[['']]}

Torpedo: U-235

Torpedo: U-235 (2020)

အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ Torpedo ဆိုတဲ့ actionကားလေးပဲဖြစ်ပါတယ်

Torpedoဆိုတာ ဟိုးအရင် ဂျာမန်တွေနဲ့ အမေရိကန်တွေစစ်ဖြစ်တုန်းက ဂျာမန်တွေသုံးတဲ့ U-boatဆိုတဲ့ သင်္ဘောမှာတဲ့ ကျည်ဆန်အမြှောက်ပါ

ဒီကားလေးကတော့ အမေရိကန်ဘက်ကနေနေပြီး သူလျှိုလုပ်ပေး တာဝန်တွေထမ်းဆောင်ပေးနေတဲ့ တပ်သားဟောင်းအုပ်စုကိုရိုက်ပြထားတာဖြစ်ပါတယ်

သူတို့အုပ်စုကတောထဲမှာပဲနေပြီးတာဝန်တွေလုပ်နေရာကနေ တစ်နေ့မှာ အာဖရိကကနေ အမေရိကထိသွားပြီးလုပ်ရမယ့်တာဝန်တစ်ခုကိုရလာပါတော့တယ်

အမေရိကန်တွေဘက်ကနေ ဗုံးလုပ်ရမယ့်သုံးတဲ့အပြင်းစားယူရေနီယံတွေကို ဂျာမန်တွေရှိတဲ့ အာဖရိကကနေ U-boatနဲ့သယ်သွားပေးရမှာပါ

ဒီတာဝန်ကအတော်အရမ်းများပြီး riskယူရမယ့်တာဝန်လည်းဖြစ်တဲ့အလျောက် ဂျာမန် U-boatကိုင်တွယ်နည်းကိုသင်ကြားပေးမယ့်

ဂျာမန်စစ်မှူးတစ်ယောက်ကို ဖမ်းပြီး ၃ပတ်ကြာလေ့ကျင့်ရေးဆင်းခဲ့ရပါတယ် မူလနေရာကနေစထွက်ကတည်းက အခက်အခဲတွေကြုံခဲ့ရတဲ့သူတို့အုပ်စုဟာ သမုဒ္ဓရာကိုဖြတ်ပြီး အမေရိကန်ထိသွားနိုင်မှာလား

လမ်းမှာဘယ်လိုတွေရင်ဆိုင်ရဦးမှာလဲ တာဝန်ကိုရောအသက်ရှင်လျက်ထမ်းဆောင်နိုင်မှာလားဆိုတာကတော့ စိတ်လှုပ်ရှားဖွယ်ရာမြင်တွေ့ရမှာပဲဖြစ်ပါတယ်

သွေးထွက်သံယို အခန်းတွေ ပါဝင်တာကြောင့် အသည်းငယ်တဲ့သူတွေ မကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်

Download Link 


Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger