Latest Movie :
Home » » A Walk Among the Tombstones(2014)

A Walk Among the Tombstones(2014)

{[['']]}

A Walk Among the Tombstones(2014)

A Walk among Tombstones
ဇာတ်ကားနာမည်က ကဗျာဆန်သလို ခြောက်ခြားဖွယ် အိမ်မက်တစ်ခုသဖွယ်လည်း ဆန်နေပြန်ပါတယ်။1999 ခုနှစ်က New York မြို့မှာ License မရှိပဲ Private Detective တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ Matthew Scudder ဆိုတဲ့ သူတစ်ယောက်ဟာ လွန်ခဲ့တဲ့ 8 နှစ်ခန့်လောက်က ရဲဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ပြီး လူရမ်းကားတစ်စုနဲ့အပစ်အခတ်တစ်ခုမှာ ပြည်သူကလေးမလေးတစ်ဦး သူ့ရဲ့ကျည်ဆန်ကြောင့် မတော်တဆ သေဆုံးခဲ့ရကာ သူကိုယ်တိုင်လည်း နာကျည်းချက်တွေနဲ့ရဲဝန်ထမ်းဘဝမှ အငြိမ်းစား ယူခဲ့တဲ့ သူတစ်ယောက်ပါ။
သူသွားလေ့ရှိသော Alcoholics Anonymous အဖွဲ့အစည်း တွေ့ဆုံပွဲတွေမှ သိရှိခဲ့သော လူတစ်ယောက်က သူ့ကို တစ်ညတွင် အကူအညီတောင်းခံသောကြောင့် သူ့ကို ခေါ်ယူတွေ့ဆုံ၍ အကူအညီတောင်းခံချင်သည်ဟု ဆိုသော Kenny ဆိုသော လူရှိရာ အိမ်ကို ရောက်ရှိသွားခဲ့သည်။Kenny ရဲ့ဇနီးဖြစ်သူကို လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားပြီး တောင်းဆိုငွေ $400,000 ကိုတောင်းဆိုခဲ့ကာ Kenny က ထိုလူတွေကို ထိုပိုက်ဆံပေးခဲ့သော်လည်း Kenny ရဲ့ဇနီးဖြစ်သူကို ရက်စက်စွာ အပိုင်းပိုင်း ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကာ လူ့အသားများကို ပိုက်ဆံထည့်သည့် အိတ်များသဖွယ် အထုပ်ငယ်များအဖြစ် ထုပ်ပိုးခဲ့ပြီး Kenny ဆီကိုပြန်ပို့ပေးခဲ့ကြသည်။ ထို့ကြောင့် ထိုလူများကို ရှာပေးရန် Kenny သည် Matthew Scudder ကို အကူအညီတောင်းခံ၍ အလုပ်ပေးအပ်ခဲ့ခြင်းပင်ဖြစ်သည်။ထိုအမှုကို Matthew တစ်ယောက် လိုက်နေရင်း ထိုလူသတ်သမားများသည် အလားတူ လူသတ်မှူများကို အရင်က 2 ကြိမ်ခန့်ပြုမူဆောင်ရွက်ခဲ့ဖူးသည့်အပြင် အသတ်ခံရသော မိန်းမများရဲ့ခင်ပွန်းဖြစ်ဖြစ် ရည်းစားဖြစ်သူဖြစ်ဖြစ်တို့သည် ဘိန်းရောင်းဝယ်ရေးလုပ်ငန်းများနျှင့် အဆက်အသွယ်ရှိသော လူများဖြစ်သည်ကို Matthew တစ်ယောက်သိရှိလာခဲ့လေသည်။ ထိုအခါ….လူသတ်သမားတွေက ဘယ်သူတွေလဲ?
Matthew တစ်ယောက် ထိုအမှုကို လိုက်နိူင်ပါ့မလား?
ထို့အပြင် ထိုလူသတ်သမားများသည် နောက်ထပ် မည့်ကဲ့သို့သော် မိန်းမပျိုလေးများကို ဖမ်းဆီး၍ အလားတူ သတ်ဖြတ်အုံးမည်နည်း?
မည်သူတွေ သေကြေကြ၍ မည်သူတွေ ရှင်ကြမည်နည်း? ဆိုတာတွေကိုတော့ စာဖတ်သူတို့ပဲ ဆက်လက်၍ ကြည့်လိုက်ပါလို့တိုက်တွန်းလိုက်ပါရစေ။စာရေးဆရာ Lawrence Block ရေးသားခဲ့တဲ့ ဒီဝတ္ထုကို Scott Frank ကပဲ ကိုယ်တိုင် ဇာတ်ညွှန်းရေးသားကာ ကိုယ်တိုင် Director အဖြစ် ရိုက်ကူးခဲ့သည်။ အဓိက ဇာတ်ကောင်ဖြစ်သော Matthew Scudder ကို မင်းသားကြီး Liam Neeson ကပါဝင်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို 2002 လောက်က မင်းသားကြီး Harrison Ford နဲ့ရိုက်ကူးဖို့စီစဉ်ခဲ့ကြပေမဲ့လည်း ယခုမှ Liam Neeson နဲ့ရိုက်ဖြစ်ခဲ့ကြပါတယ်။Liam က ထိုဇာတ်ညွှန်းကို ဖတ်နေခဲ့တုန်းက လူသတ်တရားခံတွေကို Phone နဲ့စကားလှမ်းပြောတဲ့ အခန်းတွေပါဝင်လို့ အစက ငြင်းပယ်ဖို့စိတ်ကူးခဲ့ပေမဲ့ ဇာတ်ညွှန်းကို အဆုံးထိ ဖတ်ပြီးသွားတဲ့ အခါမှာတော့ ချက်ချင်း လက်ခံခဲ့တာပဲဖြစ်ပါတယ်။ Liam က ဒီကားကို Taken နဲ့ဆင်တူတယ်လို့ယူဆမိခဲ့လို့ ငြင်းပယ်ဖို့ဆုံးဖြတ်ခဲ့ပြီး ဇာတ်ညွှန်းပြီးမှ ဒီဇာတ်လမ်းဟာ Taken ရဲ့အရာအားလုံး ဆန့်ကျင်ဘက်ဆိုတာ နားလည်လာခဲ့လို့ပဲဖြစ်ပါတယ်။ Matthew Scudder ဆိုတဲ့ ဇာတ်ကောင်ဟာ ကျွန်တော်တို့Liam Neeson ကိုသာမန်တွေ့မြင်နေကြ Action Hero တစ်ယောက်ဖြစ်တဲ့ ဇာတ်ကောင်မျို းမဟုတ်ပဲ Violence ကို တတ်နိုင်သမျှရှောင် ကျဉ်တဲ့ ဇာတ်ကောင်တစ်ခုပဲဖြစ်ပါတယ်။ ထိုဇာတ်ကောင်ဟာ Old Fashion ဆိုတဲ့ အတိုင်း Phone တို့Internet တို့အသုံးပြုမှူကိုတောင် မယုံကြည်ပဲ သံသယဝင်တဲ့ စုံထောက်တစ်ယောက်ပါ။ သူကို စုံထောက်ကောင်းတစ်ယောက် ဖြစ်ဖို့ဘာတွေလိုအပ်လဲလို့မေးခဲ့တဲ့ အခါ သူပြောတဲ့ စကားက “Strong Bladder” ပဲလိုအပ်တာပါတဲ့။ဒီဇာတ်ကားဟာ Action ခန်းတွေကို မှ ကြည့်ချင်ပါတဲ့ ဆိုတဲ့ ပရိသတ်တွေအတွက်တော့ မဟုတ်ပါဘူး။ ဇာတ်ကောင်ဟာ တတ်နိင်သမျှ Violence တွေကို ရှောင်သည့်အားလျော်စွာ ဇာတ်လမ်းသည်လည်း တတ်နိုင်သမျှ Action Violence ခန်းတွေကို ရှောင်ကြဉ်ခဲ့ပါတယ်။ ထို အချက်ကြောင့်လည်း ကျွန်တော် ဒီဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်နေခဲ့ရတာ အရေးအသားကောင်းကောင်းနဲ့ရေးသားထားတဲ့ ဘာသာပြန် နိုင်ငံခြားဝတ္ထုတစ်ပုဒ်ကို ရန်ကုန်မြို့ရဲ့စာအုပ်အဟောင်းဆိုင်တွေမှာ လမ်းဘေး ကော်ဖီလေးတစ်ခွက်နဲ့ထိုင်ဖတ်နေရသလိုပါပဲ။သရုပ်ဆောင် ကောင်းကောင်းနဲ့ရိုက်ကူးထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်ကောင်းကောင်း ဖြစ်ပြီး စိတ်ဝင်စားဖွယ် စုံထောက် Thriller ကားကောင်းကောင်းတစ်ကားကို ကြည့်ချင်နေတဲ့ စာဖတ်သူတို့အတွက် ဒီကားလေးဟာအသင့်တော်ဆုံး ဆေးတစ်ခွက်ပါပဲ လို့ပြောချင်ပါတော့တယ်။IMDb Rating: 6.7/10
Rotten Tomatoes Rating: 67%~WH~
File size…934MB
Quality….WEB-DL Rip 
Format…mp4
Hour….01:54:02
Subtitle….Myanmar Subtitle(Hardsub)
#cm

A Walk Among the Tombstones(2014) မြန်မာစာတန်းထိုး

File Size…(934mb) 720P HD

Megaup Link

Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger