Latest Movie :
Home » » The Hole(2009) – မြန်မာစာတန်းထိုး

The Hole(2009) – မြန်မာစာတန်းထိုး

{[['']]}
The Hole(2009) – မြန်မာစာတန်းထိုး
လူသားတစ်ယောက်ခြင်းရဲ့အတွင်းမသိစိတ်မှာ အကြောက်ဆုံးဆိုတဲ့အရာတစ်ခုရှိတက်ကြပါတယ်။
တစ်ချို့လူတွေက ကိုယ်ဘာကြောက်တက်လဲဆိုတာကို ထုတ်ဖော်ပြောတက်ကြပေမယ့်။ တစ်ချို့ကြတော့ ကြောက်စိတ်ဆိုတာရှက်စရာသိမ်ငယ်စရာလို့ ထင်ကြတဲ့အတွက် မိမိရဲ့ကြောက်စိတ်ကို မိမိကိုယ်မိမိသော် လည်းကောင်း၊ သူတပါးကိုထုတ်ဖော်ပြောဖို့သော်လည်းကောင်း၊ ကွယ်ဝှက်လိမ်လည်ထား တက်ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် လူရယ်လို့ဖြစ်လာပြီ ဆိုရင် မွေးကတည်းက အကြောက်တရားဆိုတာ ပါလာပြီးသားဆိုတာကတော့ငြင်းလို့မရပါဘူး။

ဒီလိုအကြောက်တရားတွေနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းကတော့
နယူးယောက်မြို့ကြီးကနေ ဘန်ဆန်ဗီလီလို့ခေါ်တဲ့မြို့ငယ်လေးကို ရွှေ့ပြောင်းလာတဲ့ မိသားစုလေးတစ်စုနဲ့
စတင်ထားပါတယ်။ မိသားစုသုံးယောက်မှာ အမေဖြစ်သူ ဆူဆန်ရယ် ပြောင်းရွေ့လာရတဲ့အပေါ်ကို
သိပ်အစာမကျေတဲ့ သားအကြီး ဒင်းန် နဲ့ ကြောက်လန့်အားငယ်တက်သူ သားငယ် လူးကပ်စ် တို့ပဲဖြစ်ပြီး၊
ဘန်ဆန်ဗီလီမှာ အိမ်နီးချင်းအသစ်အဖြစ် ဂျူလီ လို့ခေါ်တဲ့ ကောင်မလေးနဲ့ မိတ်ဆွေဖြစ်ကြပါတယ်။

တစ်နေ့မှာ ဒင်းန် နဲ့လူးကပ်စ်ဟာ သူတို့အိမ်သစ်ရဲ့ အောက်ထပ်မှာ သော့ပိတ်ထားတဲ့ တွင်းကြီးတစ်တွင်းကို တွေ့ရှိပြီး သော့များကိုဖွင့်ချလိုက်တဲ့အခါမှာ တွင်းကြီးထဲမှာ ဘာတွေကိုတွေ့မလဲ? ဘယ်သူတွေဟာ ဒီတွင်းကြီးနဲ့ပတ်သတ်နေမလဲ ဆိုတာကိုတော့ ဒီကားလေးမှာဆက်လက်ကြည့်ရှုပါ။
(ဇာတ်ကားအမျိုးအစားက Fantasy/Thrillerအမျိုးအစား ဖြစ်ပြီး Rotten Tomatoes 80% IMDb rating 5.7/10 ရရှိထားပါတယ် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။)
ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Han Htoo Zaw ပဲဖြစ်ပါတယ်။
@San Win Maung
File Size                          : 700 Mb
Quality                            : HD 720P
Running Time                  : 1h 32m
Translator                       : Han Htoo Zaw

Encoder                         : San Win Maung
#cm,

The Hole(2009) – မြန်မာစာတန်းထိုး

File Size…(700mb)

MediaFire Link

Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger