{[['
']]}
Munna Bhai M.B.B.S. (2003)
ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူးခဲ့ပြီး နာမည်ကြီးမင်းသား
(Sanjay Dutt)မင်းသမီးချော Gracy Singh နဲ့ 3 idiot ထဲက ဗိုင်းရပ်ကြီးအဖြစ်
သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ပါတယ်.
Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေးဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့
ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ….သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ ဆရာဝန်တစ်ယောက်
ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘတွေသူ့ဆီအလည်လာရင်
သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ်
မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ်ပေးကြတယ်…စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ်
လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ်စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့
Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထားလိုက်တယ်…အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန်
ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ…..သူဘယ်လိုတွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာကိုတော့
ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက
လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ဖေးမ သနားကြင်နာမှုတွေဘယ်လိုပေးရကြောင်း
လူတွေကို ဘယ်လိုဆက်ဆံရကြောင်း ပြသွားတယ် လူတိုင်းအတွက် အသက်ရှင်ရပ်တည်တဲ့အချိန်မှာ
ပျော်ရွှင်ဖို့ နှလုံးသားအဟာရ လေးတွေ ဘယ်လိုနေရာမှာ လိုအပ်လဲ ဘယ်လိုအချိန်မှပေးရလဲဆိုတာတွေကိုလည်း ပြသွားတယ်
ပြီးတော့ အိန္ဒယဆေးရုံတွေရဲ့ လွဲမှားနေတဲ့စည်းမျဉ်းစည်းကမ်းတွေ ဆရာဝန်အချို့ရဲ့ အယူအဆအလွဲတွေကို
မသိမသာထောက်ပြသွားတယ် ..သေချာတာတစ်ခုက ဒီကားကြည့်ပြီးရင် ခင်ဗျားရဲ့
မာကျောလှပါတယ်ဆိုတဲ့နှလုံးသားဟာ နည်းနည်းတော့ ပြောင်းလဲသွားမယ်ဆိုတာပါပဲ
ဘောလိဝုဒ်ပရိတ်သတ်တွေအတွက် ကားကောင်းလေးတစ်ကောင်းဖြစ်ကြောင်းညွှန်းပါရစေ…..
File Size…(895MB)
Quality…HD-Rip 720p
Format…mp4
Duration…02:36:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…Phyo Pyae
Translated by Pyae Xeinn Sett
#cm