Latest Movie :
Home » » Mourning Grave (2014)

Mourning Grave (2014)

{[['']]}

Mourning Grave (2014)

Moon lover ထဲက နံပါတ် ၈ မင်းသားလေး Kang Ha Neul ရဲ့ သူရဲကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်အင်ဆိုး ဆိုတဲ့ကောင်လေးက ငယ်ငယ်လေးကတည်းကတစ္ဆေသူရဲတွေကို မြင်နိုင်တဲ့သူပါ။သူက သတ္တိမရှိကြောက်တတ်တဲ့သူငယ်လေး ဆိုတော့ အမြဲကြောက်ရွံထိတ်လန့်နေရတဲ့သူတစ်ယောက်ပါ။
တစ္ဆေသူရဲတွေကတော့ သူတို့ မကျွတ်မလွတ်တာကို အကူအညီတောင်းဖို့လာကြပေမယ့်သူကကြောက်တတ်တော့ မမြင်ချင်ယောင်ဆောင်တတ်ပါတယ် ။တစ်နေ့မှာတော့ သူမြို့မှာ တစ်ယောက်တည်း အထီးကျန်တဲ့အတွက် ငယ်ငယ်က သူနေခဲ့ဖူးတဲ့မြို့ကလေးမှာဦးလေးဖြစ်တဲ့သူနဲ့အတူ နေထိုင်ရအောင် ပြန်လာခဲ့ရင်း သူရဲမချောချောလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ဒီသူရဲမလေးကတော့ သူခါတိုင်းမြင်နေကျ သူရဲတွေနဲ့ မတူဘဲသူ့ကို ခင်ခင်မင်မင် မိတ်ဖွဲ့လာလို့မမြင်ချင်ယောင်ဆောင်ရင်းကနေပဲ ခင်မင်သွားခဲ့ပါတယ်။ဒီလို သူတို့ကျောင်းလေးမှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားကြပါတယ်။ကျောင်းထဲမှာ   သွေးအလိမ်းလိမ်းနဲ့ ဆေးဟီးဆိုတဲ့ သူရဲတစ်ယောက်ရယ်CM ကမိုးမြင့်လွင်လို ဆံပင်အလွာလိုက်မျက်နှာဖုံးနေတဲ့ သူရဲမတစ်ကောင်ရယ်လည်း ရှိပါသေးတယ်။“ ဆေးဟီး” ကတော့ ဒီကျောင်းမှာပဲ ကျောင်းသူကျောင်းသားအချင်းချင်း မတရားအနိုင်ကျင့်လို့ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သူရဲတစ်ယောက်ပါ။ဒီမျက်နှာဖုံး နဲ့ သူရဲဟာ တဖြည်းဖြည်း စွမ်းအားထက်လာပြီး သူ့ကို အနိုင်ကျင့်ခဲ့သူတွေကို တခြားလူတစ်ယောက်ကိုဝင်ပူးရင်းနဲ့ လိုက်ပြီးလက်စားချေနေပါတယ်။တစ်နေ့မှာတော့ ကန်အင်ဆိုး တစ်ယောက် မျက်နှာဖုံးနဲ့ သူရဲကသူခင်မင်နေတဲ့ သူရဲမချောချောလေး မှန်း သိလိုက်ရတဲ့အခါမှာတော့ဘာလို့ ဆေးဟီးက ဒီလိုတွေ လုပ်နေရတာလဲ။ဘာလို့ သူရဲမလေးက စိတ်နှစ်ခွ ဖြစ်နေတာလဲသူ ခင်မင်နေရတဲ့ ဆေးဟီးလေး လွတ်ကျွတ်သွားအောင် ဘယ်လိုလုပ်ပေးမှာလဲ ဆိုတာကိုရင်ခုန်လှုပ်ရှား စွာနဲ့ ခံစားကြည့်ရှုလိုက်ပါနော်ဒီကားလေးကြည့်ရင်း သူငယ်ချင်းတွေရဲ့ ခင်မင်မှုနဲ အားပေးမှုက ဘယ်လောက် အရေးပါတယ်ဆိုတာသိမြင်နိုင်ပါတယ်..သူငယ်ချင်းတွေရဲ့ အားပေးကူညီမှုဟာ လူတစ်ယောက်အတွက်ရော တစ္ဆေသူရဲတွေအတွက်ပါအရေးပါသလို သူငယ်ချင်းတွေရဲ့လျစ်လျူရှုမှုဟာလည်း လူတစ်ယောက်ကို လမ်းဆုံးတွန်းပို့ပေးနိုင်ပါတယ်။အကြောက်တရားကြောင့် သူငယ်ချင်းကို မပစ်ပယ်သင့်သလို အကြောက်တရားကိုသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုကသာကျော်လွားနိုင်တာကိုသိမြင်နိုင်မှာပါ။
Quality…..BluRay 1080p
Duration…..01:30:00
Format…Mp4
File Size…(647 MB)
Encoder…..Moe Myint Lwin
Translator…..Eainmat Phyulay
#cm

Mourning Grave (2014) မြန်မာစာတန်းထိုး

File Size…(650mb)

MediaFire Link

Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger