Latest Movie :
Home » » Journey to the Christmas Star (2012)

Journey to the Christmas Star (2012)

{[['']]}

Journey to the Christmas Star (2012)

CM ပရိတ်သတ် ကြီးအတွက် နော်ေ၀ ရိုးရာ ပုံပြင်တစ်ပုဒ်ကို ရုပ်ရှင် အဖြစ်
အသက်သွင်းထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အခုလို ခရစ္စမတ် နားရက်မှာ မိသားစုနဲ့ အတူ စိတ်ဝင်တစား ကြည့်လို့ ကောင်းမဲ့
ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် သာယာလှပတဲ့
တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီး ရယ် သူ့သမီးတော် ရွှေရောင်ဆံပင် နဲ့ မင်းသမီးလေးရယ်
မိဖုရားကြီးရယ်တို့က တိုင်းပြည်ကိုပျော်ရွှင်စွာ အုပ်ချုပ်နေသတဲ့။ဒါပေမဲ့ ဘုရင်ကြီးရဲ့
ညီဝမ်းကွဲ မြို့စားကလည်း ဘုရင် ဖြစ်ချင်နေတာပေါ့။ ဒါပေမဲ့ သူ ဘုရင်ဖြစ်ဖို့ မင်းသမီးလေး
နဲ့ မိဖုရားကြီးတို့ မရှိမှ ဖြစ်မှာ ကိုး ဒီလိုနဲ့ မြို့စားက စုန်းမကြီးကို တိုင်းပြည် တစ်ဝက် ခွဲပေးမယ်
လို့ အကူအညီတောင်းတာပေါ့။ ဒီလိုနဲ့ မြို့စားရဲ့ လှည့်ဖျားမှု့ နဲ့ မင်းသမီးလေးက ခရစ္စမတ်
ကြယ်ကို ရှာဖို့ တောထဲ သွားတာ ပေါ့။တောထဲအရောက်မှာပဲ စုန်းမကြီးက ဖမ်းဆီး သွားသတဲ့
ဘုရင်ကြီးကလည်း နေရာအနှံ့ လိုက်ရှာ ရင်း မတွေ့တဲ့ အခါမှာ ခရစ္စမတ်ကြယ်လေးကို
ကျိန်ဆဲရာကနေ ခရစ္စမတ် ကြယ်လေးလည်း ကွယ်ပျောက်သွားတာပေါ့။ တိုင်းပြည်လည်း
အမှောင်ထုတွေကျပြီး မိဖုရားလည်း သေသွားရှာပါတယ်။ ဒါပေမဲ့ ဆယ်နှစ် အတွင်းမှာ
ဘုရင်က ခရစ္စမတ်ကြယ်ကို ရှာနိုင်ရင် မင်းသမီးလေးလည်း ပြန်ရောက်လာပြီး တိုင်းပြည်လည်း
ကျိန်စာကနေလွတ်မယ်ဆိုပါတော့။ ဒါပေမဲ့ ဆယ်နှစ် ပြည့်ခါနီးနေပေမဲ့ မတွေ့ခဲ့ပါဘူး။ ဒါလေးက
ပုံပြင် အစပိုင်းလေးပါ တကယ်ဇာတ်လမ်းက Sonja ဆိုတဲ့ မိဘမဲ့ ကောင်မလေးက ခရစ္စမတ် ကြယ်ကို
ရှာဖွေ တာကို ရိုက်ပြထားတာပါ။ ဒီလို ကြမ်းတမ်းတဲ့ ခရီးစဉ် မှာ အချိန် ကလည်း သိပ်မရတဲ့ အနေအထားမှာ
ခရစ္စမတ် ကြယ်ကို Sonja တစ်ယောက် ဘယ်လို ရှာမလဲ ဆိုတာကို စိတ် ဝင်စားဖွယ် ကြည့်ရှု့ ရမှာဖြစ်ပါတယ်။
ဒဏ္ဏာရီ လာ သတ္တဝါတွေ အန္တရာယ်တွေ အထပ်ထပ် တွေ ကို ဖြတ်ကျော် ပြီး Sonja တစ်ယောက်
ခရစ္စမတ်ကြယ်ကို အချိန်မှီ အမြန် ဆုံး ရှာနိုင်မလား ဆိုတာတွေကို ရင်တထိတ်ထိတ် နဲ့ ကြည့်ရမဲ့
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 
File Size : (800 MB) 
Quality : Blu-Ray 720p
Running Time : 1h 20min
Format : Mp4
Genre : Adventure, Family, Fantasy 
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay x264
Encoded by Tariq L Walker
#cm

Journey to the Christmas Star (2012) မြန်မာစာတန်းထိုး

File Size…(800mb)

MediaFire Link


Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger