{[['
']]}
Green Lantern (2011)
DC ဟာ comic နဲ့ animated လောက မှာ ဘုရင်တစ်ပါး ဖြစ်ပေမယ့် ရုပ်ရှင်လောက မှာတော့ လက်နှေးပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ နာမည်ကြီး ဇာတ်ကောင်တစ်ကောင် ဖြစ်တဲ့ Green Lanternကို ရုပ်ရှင်ရိုက်ဖို့ သတိရသေးတာ ပဲ တော်ပါသေးရဲ့။comic လောကမှာတော့ Green Lantern ဟာ ပရိသတ်အခိုင်အမာ ရထားတဲ့ super heroတစ်ယောက်ပါ။ ဒါကို ရုပ်ရှင် အဖြစ် ချပြတော့ comic fanတွေရဲ့ high expectation အရ လိုအပ်ချက် တစ်ချို့ကို ထောက်ပြကြတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒါဟာ ကောင်းတဲ့ အချက် လို့ ယူဆပါတယ်။ Batman Forever တို့လို ဇာတ်ကားတွေ ထွက်ပြီးမှ Nolan’s Batman trilogy တွေ ထွက်လာပြီး ကမ႓ာ့ရုပ်ရှင်လောကကို super hero ရုပ်ရှင်က ကိုင်လှုပ် ပြခဲ့တာ အားလုံးအသိပါ။ Green Lantern ဟာဆိုရင်လည်း နောက်ထပ် အထင်ကရ ဇာတ်ကားတွေ ထပ်ထွက်ဖို့ အလားအလာ ရှိနေပါတယ်။ အခု ဒီ ဇာတ်ကားကလည်း comic နောက်ခံ မရှိတဲ့ လူတွေ အတွက်တော့ ကျေနပ်စရာ ဇာတ်ကား တစ်ကား ဖြစ်လာမှာပါဒီဇာတ်ကားထဲက Green Lantern ဟာ Hal Jordon ပါ။ ဘာလို့ ဒါကို ထည့်ပြောရတာလဲဆိုရင် နောက်ထပ် Green Lantern ဖြစ်တဲ့ John Stewart ကို ရုပ်ရှင်အဖြစ် DC ဘက်က ထုတ်မယ် ထင်လို့ပါ။ အနည်းဆုံးတော့ ထွက်ပြီးသမျှ animationတွေထဲက John Stewart ကို CM ပရိသတ်ကြီး မြင် စရာ အကြောင်း ရှိပါသေးတယ်။ဇာတ်လမ်းကတော့ Hal Jordon ရဲ့ ဘဝ တစ်စိတ်တစ်ဒေသ နဲ့ Green Lantern corps ထဲ ရောက်ရှိလာပုံရယ် Parallex ဆိုတဲ့ စကြဝဠာတစ်ခုလုံးရဲ့ ရန်သူကြီးနဲ့ သူ့ရဲ့ ပွဲဦးထွက်မှာ ပဲ ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာပါ။ အဓိကဇာတ်ဆောင်ကို နောက်ထပ် ဟီးရိုးတစ်ယောက်အနေနဲ့ ငါမြင်ဖူးနေပါတယ် လို့ တွေးမိရင်… ဟုတ်ပါတယ် သူ့ကို Deadpool အဖြစ် မိတ်ဆွေတို့ မြင်ဖူးခဲ့ကြတာပါ။ ဒီတော့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ဘယ်လောက်ကောင်းတယ်ဆိုတာ မှန်းဆကြည့်ကြပါတော့လို့File Size : 900 MB
Quality : Blu ray 720P
Running Time : 1hr 54 minute
Format : Mp4
Genre : Action, Adventure, Romance
Encoder : Joker.phs