Latest Movie :
Home » » The Pursuit of Happyness (2006)

The Pursuit of Happyness (2006)

{[['']]}

The Pursuit of Happyness (2006)
အကယ်၍ သင်ဟာ Single Father တစ်ယောက်ဖြစ်ပြီး သင့်ကလေးအိပ်ဖို့အတွက် ကျောတစ်ခင်းစာတောင်မဖန်တီးပေးနိုင်တော့ဘူးဆိုရင်…သင့်ရင်သွေးကိုစွန့်လွှတ်လိုက်မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်ယောက်ကတော့ မိမိရဲ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Millionaire တစ်ယောက်တောင်ဖြစ်လို့နေပါပြီ။သင့်ဘဝကို သင်ခက်ခဲလှပြီလို့ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အချိန်ပေးပြီးကြည့်ကြည့်လိုက်ပါ
ဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ…ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင်သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ…ကျွန်တော်တို့ တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်…ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်…
ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်…
ဘဝဆိုတာ ”ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်” ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့ကို…သာမန်အရောင်းသမား(Saleman) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ “The Pursuit of Happyness” ဆိုတဲ့ကားလေးမှာ အထင်အရှားတွေ့ကြရမှာပါ…ဒီဇာတ်ကားလေးကိုတော့ Director Gabriele Muccino ကရိုက်ကူးထားပြီးကျွန်တော်တို့ရုပ်ရှင်ကြိုက်သူတွေအားလုံးနဲ့
ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Will Smith ကသရုပ်ဆောင်ထားပါတယ်…ထူးခြားမှုအနေနဲ့က ဒီဇာတ်ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သားနေရာကနေ သရုပ်ဆောင်ထားသူကတော့Will Smith ရဲ့ သားအရင်းဖြစ်သူ Jaden Smith ပဲဖြစ်ပါတယ်…၈ နှစ်အရွယ်သာရှိသေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်ကားဖြစ်ပင်မဲ့
> MTV+TV awards(2007) :
Breakthrough Performance ဆု
> Phoenix Film Critics Society Awards(2006)
:Best Performance by a Youth ဆု
> Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင် အခြား Nominees ပေါင်းများစွာလဲဝင်ခဲ့ပါသေးတယ်…အနုပညာသွေးအခံရှိလို့ထင်ပါရဲ့…မင်းသားကြီး Will Smith ကိုယ်တိုင်လဲ
> Academy Awards,USA(Oscar)(2007): Nominated
> Gloden Globe,USA(2007): Nominated တို့အပြင် အခြား Nominees ပေါင်းများစွာနဲ့ ဆုတွေကိုလဲ ရခဲ့သေးတာဆိုတော့ အချိန်၂နာရီပေးပြီးကြည့်ရမှာ တကယ်တန်တဲ့ကားကောင်းတစ်ကားလို့ညွှန်းလိုက်ပါရစေဗျာ…(ဆယ်ကျော်သက်အရွယ် Jaden Smith ကိုတော့ မင်းသားကြီးဂျက်ကီချန်းနဲ့အတူ Karate Kid မှာအားလုံးမျက်မှန်းတန်းဖူးပြီးဖြစ်ကြမှာပါ) (ဘာသာပြန်ကတော့ ကိုစော်ဘွားပါ)
Quality : 720pBluray
Running Time : 1h 57min
Format : Mp4
Genre : Biography, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Saw Bwar
Encode by Thit San Khant

The Pursuit of Happyness (2006)

File Size…(850mb)



MediaFire Link

Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger