{[['
']]}
Rio (2011)
RIO ကားမှာပါတဲ့ အပြာရောင်ကြက်တူရွေးလေးတွေသဘာဝ တောတွင်းမှာ မျိုးတုန်းပျောက်ကွယ်သွားပြီ2011 မှာ စရုံတင်ခဲ့ပြီး Blu လို့ခေါ်တဲ့အပြာရောင် ကြက်တူရွေးလေးနဲ့သူ့အဖော်ဌက်မလေး Jewl တို့ဟာ သူတို့မျိုးစိတ် ရဲ့နောက်ဆုံးကျန်ရှိနေတဲ့ ဌက်လေးတွေအဖြစ်နဲ့ Brazil နိုင်ငံရဲ့သဘာဝသစ်တော ပြုန်းတီးမှုတွေ၊ တောတွင်းတိရစ္ဆာန် တရားမဝင် ဖမ်းဆီးရောင်းချမှုတွေကြားမှာ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ရုန်းကန်ပြေးလွှားရင်း သားသမီးရင်သွေးများနဲ့ပျော်ရွှင်စရာ မိသားစုလေးထူထောင်နိုင်ခဲ့ပုံကို ဟာသ ရီစရာမောစရာများနဲ့ ပရိသတ်တွေ ဇာတ်လမ်းအပြင်က မျိုးတုံးမှု အန္တရာယ်ကျရောက်နေတဲ့ ဌက်မျိုးစိတ်တွေ ကို သတိထားမိအောင် လှုံ့ဆော်ပေးခဲ့ပြီး ပရိသတ်တွေအတွက်အကြိုက်တွေ့စေခဲ့တဲ့ RIO ကာတွန်းကားကောင်းလေးကို မှတ်မိကြအုံးမယ် ထင်ပါတယ်။RIO ကားထဲမှာပါတဲ့ အပြာရောင်ကြက်တူရွေးလေးတွေ ကိုတော့ ”Spix’s Macaw” လို့ခေါ်ပြီး Brazil တောတွင်းမှာနေထိုင်ကြတဲ့မျိုးတုံးခါနီး ကြက်တူရွေး မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။RIO ကို ရိုက်ကူးခဲ့တဲ့ Director Carlos Saldanha ကတော့မျိုးတုံးသွားနိုင်တဲ့ Spix Macaws လေးတွေ အကြောင်း လူတွေ သတိထားမိအောင် RIO ဇာတ်လမ်းထဲမှာ အပြာရောင်ကြက်တူရွေး ဇာတ်ကောင်တွေအဖြစ် ထည့်သွင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။Director ဖြစ်ချင်တဲ့ အတိုင်း ကာတွန်းကားထဲမှာတော့ အပြာရောင်ကြက်တူရွေးတွေ အောင်မြင်စွာ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ပြီး ရင်သွေးလေးတွေ မွေးဖွားကာတောတွင်း မှာ အကောင်အရေအတွက် ပြန်လည် တိုးများလာပေမယ့် လည်း လက်တွေ့အပြင်မှာတော့ Director မျှော်မှန်းပြီး ဖြစ်ချင်ခဲ့တာနဲ့ ထပ်တူမကျခဲ့တာတော့ ဝမ်းနည်းဖွယ် တွေ့ရတာပဲဖြစ်ပါတယ်။BirdLife International ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ Report စာတမ်းများအရ ကျွန်ုပ်တို့ချစ်ကြတဲ့ ဒီအပြာရောင် ကြက်တူရွေးလေးတွေ ဟာ တောတွင်းမှာ ပြန်လည် မြင်ရဖို့လွန်းဝမဖြစ်နိုင်တော့ကြောင်း သေချာသွားခဲ့ပြီပဲဖြစ်ပါတယ်။ Captive Breeding အရ လူတွေ မွေးမြူထားတဲ့ ရာ မကျော်တဲ့ ကောင်ရေ အနည်းငယ်က လွဲလို့ တောတွင်းမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီပဲဖြစ်ပါတော့တယ်။Credit Review
Rio (2011)mmsub
File Size :(1GB)Blueray
MediaFire Link
Rio 2 (2014)
ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေ ကျော်လွန်ပြီးတဲ့နောက်မှာ Blu တစ်ယောက် သူချစ်တဲ့ Jewel နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလာခဲ့ပါတယ်။ ခုတော့ သူတို့မှာ မိသားစုဝင်တွေ ထပ်တိုးနေပါပြီ။ သီချင်းကြိုက်တဲ့ Carla ၊ စာဂျပိုး Bia နဲ့ လက်သံပြောင်တဲ့ Tiago ဆိုတဲ့ သားသမီး ၃ ယောက် ပွားစီးနေပါပြီ။ Blu ကို အရင်က ပြုစုစောင့်ရှောက်ခဲ့တဲ့ Linda ဟာ Tulio နဲ့ လက်ထပ်ပြီး နောက်ပိုင်း အမေဇုံတောထဲကို ဒဏ်ရာရနေတဲ့ ငှက်တစ်ကောင်လွှတ်ဖို့ သွားရင်း Blu ရဲ့ မျိုးနွယ် Spix’s Macaw တစ်ကောင်ရဲ့ ငှက်မွေးကို တွေ့သွားခဲ့ပါတယ်။ ဒီအကြောင်းကို ရုပ်သံကနေ ထုတ်လွှင့်ပြသလိုက်တဲ့အခါမှာ Jewel ဟာ သူ့ရဲ့ ဇာတိကို ပြန်ဖို့ Blu ကို ပူဆာပါတော့တယ်။ Blu အတွက် ရီယို ဒီဂျနေရိုက သာယာတဲ့ဘဝလေးကို စွန့်ပစ်ဖို့ဆိုတာ အတော် ဆုံးဖြတ်ရခက်ပေမယ့် Rafael ၊ Nico နဲ့ Pedro တို့လည်း လိုက်ပါမှာမို့ မလိုက်ချင်လိုက်ချင်နဲ့ ပါလာသည်။ ခွေးဘီလူးကြီး Luiz ကတော့ ငှက်တွေနဲ့ အပြိုင်မလိုက်နိုင်သမို့ ကျန်နေခဲ့သည်။ Blu မှာ သူ့အတွက် သီးသန့်လုပ်ပေးထားတဲ့ Fanny Pack လေး သယ်လာခဲ့ပြီး အဲဒီထဲမှာ Linda ကို ရှာနိုင်မယ့် GPS စက်တစ်လုံး ပါလာသည်။
Linda တို့ ရှာတွေ့ထားတဲ့ သစ်တောအနားမှာ သစ်တွေခိုးခုတ်နေတဲ့ အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ Linda နဲ့ Tulio ရဲ့ တွေ့ရှိမှုဟာ အဲဒီသစ်တောဒေသကို လူစိတ်ဝင်စားမှု မြင့်တက်လာစေပြီး သစ်ခိုးထုတ်တဲ့ လုပ်ငန်းအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်လာနိုင်တာမို့ Linda တို့ လင်မယားကို လုပ်ကြံဖို့ ကြံစည်ပါတော့တယ်။ Blu ရဲ့ အမေဇုံသွားတောလားဟာလည်း အကြီးမားဆုံး အဟန့်အတားတစ်ခုနဲ့ ရင်ဆိုင်ဖို့ တာစူနေပါတော့တယ်။ Blu နဲ့ Jewel ရဲ့ ရန်သူတော်ဟောင်းကြီး ကြက်တော Nigel ဟာ ပုရွက်စားကောင် Charlie နဲ့ အဆိပ်ဖား Gabi တို့ရဲ့ အကူအညီနဲ့ Blu ကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ အမေဇုံကို ရောက်သွားတဲ့အခါမှာတော့ Blu အတွက် နောက်ထပ် ပြဿနာ တစ်ခု ထပ်တိုးလာပါတယ်။ မြောက်များလှတဲ့ မျိုးနွယ်တူ ငှက်တွေရဲ့ကြားမှာ Jewel ရဲ့ အဖေ Eduardo ၊ အစ်မ Mimi နဲ့ Jewel ရဲ့ ငယ်သူငယ်ချင်း Roberto တို့နဲ့ အဆင်ပြေအောင် ကြိုးစားရပါတယ်။
Blu ဟာ ဒီငှက်သိုက်ကြီးထဲမှာ ဘယ်လောက် အဆင်ပြေအောင် ကြိုးစားပါသော်လည်း အဆင်မပြေပါဘူး။ ဒါကြောင့် ဒီငှက်တွေကို စွန့်ခွာပြီး လူတွေရှိရာ အရပ်ကိုသာ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဟောင်း Linda တို့ လင်မယားဟာလည်း သစ်ခုတ်သမားတွေက ဖမ်းဆီးခံထားရပါတယ်။ Blu တစ်ယောက် Linda တို့ လင်မယားနဲ့ အမေဇုန်ဒေသက မိုးသစ်တောကြီးတွေကို ဘယ်လို ကယ်တင်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါခင်ဗျာ …
Blu အဖြစ် မင်းသား Jesse Eisenberg ၊ Jewel အဖြစ် မင်းသမီး Anne Hathaway ၊ Roberto အဖြစ် Bruno Mars ၊ Nico အဖြစ် Jamie Foxx ၊ Pedro အဖြစ် will.i.am ၊ Eduardo အဖြစ် Andy Garcia တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Carlos Saldanha ရိုက်ကူးထားတဲ့ Rio 2 ဟာ ၂၀၁၁ ခုနှစ် က Rio ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ရီယိုဒီဂျနေရိုးမှာ ဇာတ်အိမ်တည်ထားတာ မဟုတ်ပဲ အလွန်သာယာလှပတဲ့ တောင်အမေရိက အမေဇုံ မိုးသစ်တောထဲမှာ ဇာတ်အိမ်တည်ထားပြီး ရှားပါး ငှက်မျိုးစိတ်တွေနဲ့ သတ္တဝါတွေရဲ့ အလှအပတွေကို အဓိကထား တင်ဆက်ထားတာ တွေ့ရမှာပါ။ IMDb မှာ Rating 6.8 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 47% ပဲ ရရှိထားပါတယ်။
သီချင်းတွေအကတွေနဲ့ဟာသအသားပေးပြီးရိုက်ကူးထားတာမို့ အပန်းဖြေကြည့်ချင်တဲ့သူတွေ သေချာပေါက် ကြည့်သင့်တဲ့ ဇာတ်ကားပါ။ အမေဇုံတောရဲ့ အလှအပတွေနဲ့ ရှားပါးတိရိစ္ဆာန်တွေကို ထည့်သွင်းဖော်ပြထားတာမို့ အရမ်းကြည့်လို့ကောင်းသလို ဘရာဇီးတွေရဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ ခံယူချက်ကိုလည်း ထည့်သွင်းရိုက်ကူးထားတာ တွေ့ရမှာပါ။ သီချင်းလေးတွေ ကောင်းသလို ကပြတဲ့ အခန်းတွေလည်း တော်တော် ကြည့်လို့ကောင်းပါတယ်။ အရောင်အသွေးစုံလင်တဲ့ ငှက်တွေနဲ့ သားရဲတွေကို ချစ်စဖွယ်ဖြစ်အောင် ဖန်တီးထားပါတယ်။ တချို့အခန်းတွေကို ကြည့်ရတာ အတော်လေးတော့ ခေါင်းမူးပါတယ်။ ဇာတ်လမ်းရဲ့ Tempo အမြင့်ဆုံးအခန်းမှာ အနည်းငယ် ကလေးဆန်နေတာကလွဲရင် ကျန်တာအားလုံး ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ အပန်းဖြေ ကြည့်ချင်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါး ဇာတ်အိမ်ကြိုက်သူတွေနဲ့ ကလေးတွေ သေချာပေါက် ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။
Hollinaz
(mmmovieguide.com မှကူးယူဖော်ပြသည်….)