Latest Movie :
Home » » Let’s Be Cops(2014)

Let’s Be Cops(2014)

{[['']]}
Let’s Be Cops(2014)
လော့စ်အန်ဂျလိစ်ရဲအရာရှိ အယောင်ဆောင် သူငယ်ချင်း နှစ်ဦးအကြောင်း ဇာတ်အိမ်ဖွဲ့ထားတဲ့ အမေရိကန်ဟာသဇာတ်လမ်းလေးက စိတ်ကြည်နူးပျော်ရွှင်မှုရသကို ပေးစွမ်းနိုင်မှာပါ။
ဂျက်စတင်နဲ့ ရိုင်ယန်တို့သူငယ်ချင်းနှစ်ဦးဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်လာရင်း ဘားတစ်ခုမှာရှိနေတုန်း သူတို့နှစ်ဦးရဲ့ ကားကို ရုရှားတွေအဖွဲ့လိုက်ပါတဲ့ ကားက ဝင်တိုက်ခဲ့ပြီး သူဘာ မှ ပြန်မလုပ်နိုင်အောင် ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် ရိုင်ယန်က ဂျက်စတင်ကို ရဲယူနီဖောင်းနဲ့ ကောလိပ်ပါတီတက်စေခဲ့တာကနေ စပြီး အလွဲလေးတွေဖြစ်လာပါတော့တယ်။ သူတို့နှစ်ဦးက တကယ့်ရဲ အစစ်တွေအတိုင်း ပြုမူပြောဆိုနေထိုင်ပြီး ဒီတစ်ညနဲ့တင်မက ရဲပုံစံလိမ်လည်မှု ဇာတ်လမ်းတွေ စခဲ့ပါတော့တယ်။ ရဲကားအဟောင်းတစ်စီးကိုဝယ်ပြီး ရဲတွေရဲ့ လုပ်ငန်းလုပ်ဆောင်ပုံတွေကို သင်ယူလေ့လာပြီး ဂျက်စတင်နဲ့ ရိုင်ယန်တို့ အလိမ်ဇာတ်လမ်းကိုလျှောက်ရင်း ပြဿနာပေါင်းစုံ ကြုံရပါတော့တယ်။
အဲဒီနောက် သူတို့ကားကို ဝင်တိုက်ခဲ့တဲ့ ရုရှားအဖွဲ့ကို လက်စားချေဖို့ လုပ်ခဲ့ပေမယ့် သူတို့တစ်တွေဟာ လူဆိုးဂိုဏ်းဝင်တွေဖြစ်ပြီး ဂျက်စတင့်ကောင်မလေး အလုပ်လုပ်နေတဲ့ Georgie’s ဆိုင်ရဲ့ပိုင်ရှင်ကို ခြိမ်းခြောက်နေတဲ့သူတွေ ဖြစ်ပါတယ်။ ဂျက်စတင်နဲ့ ရိုင်ယန်တို့ဟာ အလိမ်အညာတွေကို ရပ်ပစ်ဖို့လုပ်ခဲ့ပေမယ့် ဂျက်စတင့်ကောင်မလေး ဂျိုစီက သူ့ကို လူတစ်ယောက် နှောင့်ယှက်နေတယ်လို့ အကူအညီ တောင်းတာကြောင့် ရဲအဖြစ်နဲ့စုံစမ်းရင်း ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင်ဆိုတာ သိခဲ့ပါတယ်။
လူဆိုးဂိုဏ်းပါ ပါဝင်ပတ် သက်လာတဲ့အခါ ဂျက်စတင်နဲ့ ရိုင် ယန်တို့ ဘယ်လို ရှေ့ဆက်ကြမ လဲ။ အလိမ်ပေါ်သွားခဲ့ရင် အရေး ယူခံရမှာလား။ ဂျက်စတင်နဲ့ သူ့ ကောင်မလေးကရော ဇာတ်ပေါင်း ခွင့်ရမှာလားဆိုတဲ့ဇာတ်သိမ်းပိုင်း လေးကိုတော့ ကိုယ်တိုင်ကြည့်ရှု လိုက်ပါဦးနော်။
အကအခုန်၊ အပျော်အပါး လေးတွေရော၊ အက်ရှင်ရောခံ စားလို့ရမယ့် ဇာတ်ကားလေးမှာ တော့ ဂျိတ်ခ်ဂျွန်ဆင်၊ ဒေမွန်ဝါ ယန်ဂျူနီယာ၊ ရော့ဘ်ရစ်ဂယ်တို့ က သရုပ်ဆောင်ထားပါတယ်။
Let’s be cops ဇာတ်လမ်းက LA မြို့မှာ ဇာတ်အိမ်တည်ထားပြီး အပြင်မှာမရှိတဲ့ ဇာတ်ကောင်များနဲ့သာ ဖွဲ့စည်းထားတဲ့အတွက် လူကြီးရော ကလေးတွေအတွက်ပါ အဆိပ်အတောက်မပါတဲ့ ဟာသဇာတ်ကား တစ်ကားဖြစ်ကြောင်း ရုပ်ရှင်သတင်းများက ဖော်ပြထားပါတယ်။
ဇာတ်အိမ်ဇာတ်လမ်းကောင်းကောင်းမဟုတ်တဲ့အတွက်အနှစ်သာရအများကြီး မပေးနိုင်သော်လည်း သာမန် မထင်မရှား အရပ်သား၂ယောက်က ရဲအဖြစ်အပျော်တမ်း ဟန်ဆောင်တဲ့အခါ ပြောင်ချော်ချော် အမူအရာ သရုပ်ဆောင်နေရင်းနဲ့ကို တချို့သော ပြည်သူ့ဝန်ထမ်းတွေမှာတောင်မရှိတဲ့ လူတွေကို ကာကွယ်ချင်တဲ့ ကူညီချင်တဲ့ သူတို့ရဲ့ စိတ်ထားကောင်းတွေက ပေါ်လွင်နေပါတယ်။ အဲ့ဒါကြောင့်လည်း ဒီဇာတ်ကားက ကြည့်ရှုသူတွေအတွက် ပေါတောတော ဟာသကားထက်ပိုတဲ့ ရသကိုပေးစွမ်းနိုင်ပါလိမ့်မယ်။
အခုဇာတ်ကားကရုပ်ရှင်အနုပညာဆိုင်ရာကမ္ဘာ့နံပါတ်တစ်အွန်လိုင်းဝဘ်ဆိုဒ်ဖြစ်တဲ့IMDB ရဲ့ဖော်ပြချက်အရ ဒီဇာတ်ကားကိုကြည့်ရှုပြီးသူတစ်သောင်းတစ်ထောင်ကျော်ကအဆင့်(rating)6.8အဖြစ်သတ်မှတ်ထားပါတယ်တဲ့။
သရုပ်ဆောင်များများစားစား မပါပေမယ့် IMDB rating ဘာလို့မြင့်နေတာလဲ ဆိုတာကို ကိုယ်တိုင်ခံစား ဆုံးဖြတ်ကြလိုက်ရအောင်ပါ…။
(mmmovieguide မှယူးယူဖော်ပြပါသည်…)
File size…986MB
Quality….DVDRip
Format…mp4
Hour….01:44:28
Subtitle….မြန်မာစာတန်းထိုး(Hardsub)

Let’s Be Cops(2014)မြန်မာစာတန်းထိုး

File Size (986mb)

MediaFire Link

Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger