{[['
']]}
Diary of a Nymphomaniac (2008) 18+++
ဇာတ်ကားရဲ့နာမည်က Diario de una Ninfómana
(Diary of a Nymphomaniac (or) Diary of a Sex Addict) လို့ အဓိပ္ပာယ်ရပါတယ်။
စပိန်စကားပြော ဇာတ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ပြင်သစ်စာရေးဆရာ Valérie Tasso ရဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။Valérie ဆိုတဲ့ စပိန်ရောက် ပြင်သစ်သူလေးဟာ အသက် ၁၅ နှစ်အရွယ်မှာ
သူရဲ့ အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ပါတယ်။
သူနဲ့ သူ့ချစ်သူကောင်လေးတို့ ပျော်ပွဲစားခရီးတစ်ခုမှာ အပျော်တွေလွန် နယ်တွေကျွံခဲ့ကြပါတယ်။
အဲဒီအချိန်ကစလို့ သာယာမှုကို အလွန်အမင်း မက်မောသွားရှာတဲ့
Valérie တစ်ယောက် သာယာမှုနောက်ကို တကောက်ကောက်လိုက်လို့ အပျော်တွေ ရှာပါတော့တယ်။Valérie ရဲ့ လိုအင်ဆန္ဒတွေဟာ ဘယ်သောအခါမှ ပြည့်စုံခြင်းမရှိပါဘူး။
တောင့်တမြဲ တောင့်တဆဲပါပဲ။
အရွယ်ရောက်လို့ အိမ်ထောင်ကျသွားတဲ့အခါ ဆန္ဒရမက်ပြင်းထန်တဲ့
သူ့ကို သူ့ခင်ပွန်းဖြစ်သူကတောင် သည်းမခံနိုင်တော့ပါဘူး။အိမ်ထောင်ကွဲလို့ တစ်ခုလတ်ဖြစ်သွားတဲ့နောက် Valérie တစ်ယောက်
နောက်ထပ် ခပ်ချောချော ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံမိပါတယ်။
အဲဒိကောင်လေးကိုတော့ သူ့ခမျာ အရူးအမူးချစ်ပြီး စိတ်ကူးတွေယဉ် အပျော်ကြီးပျော်နေခဲ့ရှာပါတယ်။
သူ့ရဲ့ ဆာလောင်မွတ်သိပ်မှုတွေဟာ ကောင်လေးကို ချစ်တဲ့
သူ့ရဲ့အချစ်အောက်မှာ ပျောက်ဆုံးစပြုနေပါပြီ။ဘဝဟာ တည်ငြိမ်တော့မယ့်ဆဲဆဲ အဲဒီ့ကောင်လေးက သူ့ကို သစ္စာဖောက်သွားတဲ့အခါ
Valérie တစ်ယောက် စိတ်ဓာတ်တွေအကြီးအကျယ်ကျပြီး အချစ်ဆိုတာကို အယုံအကြည်မရှိတော့ဘဲ
သာယာမှုနောက်ကိုပဲ လိုက်ရင်းလိုက်ရင်း ကြေးကြီးပြည့်တန်ဆာဘဝ ရောက်သွားရှာပါတယ်။
ဒီဇာတ်ကားဟာ စဉ်းစားဆင်ခြင်နိုင်မှု၊ မိမိစိတ်ကို မိမိထိန်းသိမ်းနိုင်မှု၊
ဆန္ဒနှင့်သိက္ခာကြား လွန်ဆွဲမှုတွေ စတဲ့ မိမိရဲ့ဘဝမှာ ကြုံတွေ့လာနိုင်တဲ့
အဖြစ်အပျက်တွေကို ပညာပေးသဘောနဲ့ တင်ပြထားပါတယ်။
ဇာတ်ကားကို ကြည့်ပြီးသွားရင်တော့ ဇာတ်ကားက ပေးတဲ့
message ကို သေသေချာချာ စဉ်းစားစေလိုပါတယ်။ တွေးတောကြပါ။
သုံးသပ်ကြပါလို့ တိုက်တွန်းပါတယ်။နောက်ပြီး Valérie တစ်ယောက် ပြည့်တန်ဆာဘဝရောက်သွားတဲ့အခါ
ပြည့်တန်ဆာမိန်းမတစ်ယောက်ကို ယောက်ျားတွေက
ဘယ်လိုသဘောထားသလဲဆိုတာ ဒါရိုက်တာက မညှာမတာ ရိုက်ပြထားပါတယ်။
အဲသလို ယောက်ျားမျိုးတွေ အပြင်မှာ တကယ်ရှိတဲ့အတွက် သူ ဒီလိုရိုက်ပြတာဟာ
မှန်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။
ဒီဇာတ်ကားကို ကြည့်ပြီး ကျွန်တောလည်း မိန်းမသားတွေရဲ့
ဘဝကို ပိုပြီးတော့ စာနာမိသွားပါတယ်။
ဒါက ဒီဇာတ်ကားက ပေးလိုက်နိုင်တဲ့ အသိတရားတစ်ခု ဆိုပါတော့။နောက်တစ်ခုကတော့ အိမ်ထောင်ရေးဟာ လိင်ကိစ္စမပါရင် မပြည့်စုံဘူးဆိုတာ မှန်ပေမယ့်၊
လိင်ကိစ္စတစ်ခုတည်းနဲ့တော့ အိမ်ထောင်တစ်ခုကို တည်ဆောက်လို့မရဘူးဆိုတာ
ဒီဇာတ်ကားလေးက ထောက်ပြနေပါတယ်။
“The Secret Ingredient Of Sex is Love” တဲ့။
ဆက်ဆံတာချင်းတူပေမယ့် သာယာမှုကို လိုချင်ရုံသက်သက်နဲ့ ဆက်ဆံတာဟာ
နှစ်ဦးသားချစ်ခြင်းနဲ့ ဆက်ဆံတာကို ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ပါဘူး။
ဒါကို Valérie တစ်ယောက် နောက်ဆုံးမှာ သဘောပေါက်သွားပါတယ်။မိသားစုနဲ့ မကြည့်ဘဲ၊ သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ်
တစ်ယောက်တည်း ကြည့်တာ ပိုကောင်းမယ်လို့ပဲ ပြောပါရစေ။
ကျွန်တော်လည်း သေသေချာချာ စဉ်းစားပြီးမှ တင်သင့်တယ်လို့ ယူဆတဲ့အတွက် ရေးလိုက်တာပါ။
ကြည့်ရဲမကြည့်ရဲ တွေဝေနေတဲ့ လူတွေကတော့
Trailer ကို ကြည့်ပြီးမှ ကြည့်သင့် မကြည့်သင့် ဆက်စဉ်းစားကြပေါ့။
(ရုပ်ရှင်အညွှန်းကို Movie Locos မှကူးယူဖော်ပြပါသည်။)File size…(800MB)
Quality…Blu-ray Rip 720p
Format…mp4
Duration….01:41:21
Subtitle….Myanmar Subtitle (Hardsub)