Latest Movie :
Home » » Detective K Collection (korea) mmsub

Detective K Collection (korea) mmsub

{[['']]}


Detective K: Secret of Virtuous Widow (2011)

Detective K ဟာဆိုရင်တော့ကိုးရီးယားဟာသအက်ရှင်ကားလေးကိုပြေးမြင်ကြမှာပါ။
ဒီကားလေးကို၂၀၁၁ခုနှစ်မှာထုတ်ဝေခဲ့ပြီးအဲဒီနှစ်ရဲ့ကိုးရီးယားမှာ
စတုတ္ထမြောက်ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။
ဇာတ်အိမ်ကို၁၇၉၃ခုနှစ်ဂျီအိုဂျုန်မင်းနန်းတက်ပြီး၁ရနှစ်အကြာဂျိုစွန်ပြည်ကို
နောက်ခံထားထားပါတယ်။မင်းကြီးဟာနိုင်ငံအတွင်းစီးပွားရေးဆုတ်ယုတ်လာမှုအပေါ်
စုံစမ်းရင်းမင်းမှုထမ်းတွေကြားလာဘ်စားမှုတွေကိုတိုက်ထုတ်ဖို့ကြံရွယ်တာပါ။
လူယုံတွေနည်းပါးနဲ့တဲ့အချိန်မှာပဲသူစိတ်အချရဆုံးဖြစ်တဲ့စုံထောက်ကြီးကေကို
လာဘ်စားမှုတွေလူသတ်မှုတွေကိုစုံစမ်းဖို့အမိန့်တာဝန်ပေးလိုက်ပါတယ်။
စုံထောက်ကေတယောက်ဖမ်းဆီးမိထားတဲ့တပ်မှူးကိုစစ်ဆေးဖို့ထောင်ထဲသွားတဲ့အခါမှာတော့
တပ်မှူးအရာရှိကအသတ်ခံထားနှင့်ရပါပြီ။အလောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါ
ဦးခေါင်းနောက်မှာအပ်လေးစိုက်ပြီးသတ်ခဲ့တာကိုတွေ့ခဲ့ရတာကစပြီး
အမှုရဲ့သဲလွန်စတွေရခဲ့ပါတယ်။ကံဆိုးချင်တော့တခြားအရာရှိတွေရောက်လာတဲ့အခါအပ်လေးကိုင်ပြီး
အလောင်းဘေးရပ်နေတဲ့စုံထောက်ကြီးကိုအထင်လွဲပြီးအကျဉ်းချလိုက်ပါတော့တယ်။ဒါပေမယ့်
ခွေးချစ်သူဆိုဖီးရဲ့အကူအညီနဲ့ပဲထောင်ကနေဖောက်ပြေးလာပါတယ်။ဒီလိုကိစ္စတွေကြောင့်မင်းကြီးကသူ့ကို
ရာထူးကချပြီးလက်ရှိအမှုကိုလွတ်ကာဂျုတ်စုန်းကအမှုတခုကိုစုံစမ်းခိုင်းလိုက်ပါတယ်။
သာမန်အမှုလို့ထင်ရပေမယ့်ဒီအမှုကနေပဲအားလုံးသောလူသတ်မှုတွေလာဘ်စားမှုနေနဲ့ဆက်နွယ်
နေတာကိုစုံထောက်ကြီးသိလိုက်ရပြီးတဲ့နောက်….
စုံထောက်ကြီးကေတယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာတော့ဟာသလေးတွေနှော
ထားတဲ့DetectiveKဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။
Quality : Bluray 720P
Running Time : 1hr 55minutes
Format : Mp4
Genre : Action, Comedy, Crime
Translator : Firdays
Encoder :Tariq L Walker

Detective K: Secret of the Lost Island (2015)

ဒီကားကတော့ ရှေ့က Detective K ရဲ့ အဆက်ကားပါ … အဲ့အချိန်က ဂျိူဆွန်းမှာ ငွေအတုပြသနာတွေပေါ်
ပေါက်နေပြီး ငွေကြေးဖောင်းပွမှု့တွေ ဖြစ်နေတာကြောင့် စုံထောက်ကေ ကို စုံစမ်းခိုင်းပါတယ် ဒါပေမဲ့ သိတဲ့
အတိုင်း မလွဲရင် မနေနိုင်တဲ့ ကေ ကို မင်းကြီးက ကျွန်းတစ်ကျွန်းမှာ နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။
သူ့လူဆိုဖီးနဲ့ အဲ့ကျွန်းမှာ အချိန်ကုန်ရင်း နဲ့ တစ်နေ့မှာတော့ ခလေးမလေးတစ်ယောက်က ပင်လယ်ကို ဖြတ်
ပြီးရောက်ရှိလာပါတယ်။သူလာရတဲ့ အကြောင်းရင်းကတော့ ပျောက်ဆုံးသွားတဲ့ သူ့ညီမလေးကို ပြန်ရှာပေးဖို့
လာတောင်းဆိုတာပါ။ကောင်မလေးက မရမက တောင်းဆိုမှု့ နဲ့ မြို့တော် အတွင်းက ငွေပြသနာတွေ ကြောင့်
စုံထောက်ကေတစ်ယောက် ကျွန်းကနေခိုးထွက်ဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ သူ အပြင်လောက ပြန်ရောက်တဲ့ အခါ
ကလေးတွေငွေကြေးပြသနာ အပြင် ခလေးတွေ အများအပြားပျောက်ဆုံးနေတာာတွေ ခလေးအလောင်းတွေ
ကမ်းမှာလာလာတင်နေတာတွေကိုပါသိရှိလာပါတယ်။တစ်နေ့မှာ သင်္ဘောတစ်စင်း ပျက်တဲ့နေရာမှာ သူမထင်မှတ်ထားတဲ့
ကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတဲ့ အခါမှာတော့…. စုံထောက်ကေ တစ်ယောက်
ငွေအတုပြသနာ ခလေးတွေ သေဆုံး ပျောက်ဆုံးတဲ့ ပြသနာတွေကို သူ့ကို လိုက်ဖမ်းနေတဲ့ ရဲမက်တွေ
လူဆိုးဂိုဏ်းတွေရဲ့ကြားထဲကနေ ဘယ်လိုဖြေရှင်းမလဲဆိုကို ဟာသလေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှု့ရမှာပါ။Tariq L Walker
Quality : Bluray 720P
Running Time : 2hr 04minutes
Format : Mp4
Genre : Action, Comedy, Crime
Encoder :Tariq L Walker

Detective K: Secret of the Living Dead(2018)

CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “Detective K: Secret of the living dead”ဆိုတဲ့ ကိုးရီးယား adventure comedy ဇာတ်လမ်းလေးဖြစ်ပါတယ်.. starring အနေနဲ့တော့ “Descendants of the Sun” “Fight for my way”စတဲ့ဇာတ်လမ်းတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးချောလေး Kim Ji Won ဖြစ်ပါတယ်.. ဇာတ်အိမ်က သရဲသွေးစုပ်ဖုတ်ကောင်အကြောင်းတည်ထားပြီး လူသတ်မှုသဲလွန်စကို စုံစမ်းရတဲ့ Crime အမျိူးအစားဆိုတော့ ပရိတ်သတ်စိတ်ဝင်စားမယ်လို့ အာမခံပါတယ်..အညွှန်းဖတ်ရှူကြပါဦး…
အညွှန်း- မှောင်မိုက်တဲ့ညတစ်ည လူတစ်ယောက် စာအုပ်တစ်အုပ်ကိုင်ပြီး တောနက်ထဲ ထွက်ပြေးလာပါတယ်… သူ့နောက်လိုက်လာတဲ့ လူတွေကလဲ အများကြီးရယ်… ဒီလူကမြေတူးပြီး အလောင်းတစ်လောင်းဖော်လိုက်တယ်.. ဒီအလောင်းက နှစ်ပေါင်းများစွာကြာပြီမို့ ဆွေးမြေ့ပြီး အရိုးခြောက်ဖြစ်နေပါပြီ..အဲ့လူက သူ့လက်ကို သူကိုယ်တိုင်ဓားနဲ့လှီးပြီး သွေးတွေကို အရိုးခြောက်အလောင်းပေါ်မှာ စီးစေတယ်…ဒီအချိန်မှာပဲ သူ့နောက်ကလိုက်တဲ့သူတွေသူ့ကို မိသွားပါတယ်… သူသတ်ခံလိုက်ရပါပြီ… ဇာတ်လမ်းက အဲ့မှာစတာပါ…သူ့သွေးတွေနဲ့ ထားခဲ့တဲ့ အလောင်းဟာ ရှင်သန်လာပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်သွားပါတယ်.. သူဘာလို့ လူတွေကို ဒုက္ခပေးမယ့် သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကို အသက်သွင်းရတာလဲ… ဒီအချိန်ကာလမှာပဲ ဂျိူဆောင်းတိုင်းပြည်တွင်းမှာ မင်းမျိူးနွယ်တစ်စုဟာ လျို့ဝှက်ဆန်းကြယ်စွာ သတ်ခံရပါတယ်. သတ်ခံရသူတွေဟာ မသေခင် သွေးစုပ်ဖုတ်ကောင်အရင်ဖြစ်ပြီး မီးနဲ့ရှို့ခံရတာပါ… ဂျိူဆောင်းမှာ ဟိုယခင်က နာမည်ကျော်စုံထောက်တွေရှိပါတယ်..ဒီထဲမှာ ပါဝင်သူတစ်ယောက်က ကင်မင်းဆိုတဲ့ တလွဲကျော်စုံထောက်တစ်ယောက်…ကင်မင်းဟာ မင်းမျိူးနွယ်တွေ သတ်ခံရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်မယ့်တာဝန်ရခဲ့ပါတယ်…ကင်မင်းဖော်ထုတ်နေတဲ့အချိန်မှာပဲ သူသွားတဲ့နေရာတိုင်း နောက်ကလိုက်တဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်… ဒီမိန်းကလေးက ခွန်အားကြီးပါတယ်… လှလဲလှတယ်.. သူနဲ့တိုက်မိရင် လူတွေလွင့်ထွက်သွားတယ်…သူကပျံနိုင်တယ်… သူ့ဒဏ်ရာရရင်လဲ အမြန်ပျောက်သွားတယ်.ကင်မင်းထင်တာက ဒီမိန်းကလေးဟာ မင်းမျိုးနွယ်သတ်ခံရမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာပါပဲ… မိန်းကလေးရဲ့ ထူးဆန်းတဲ့ပုံစံတွေကို မြင်တဲ့ ကင်မင်းဟာ သွေးစုပ်ဖုတ်ကောင်လေလားလို့ သံသယဝင်ခဲ့ပါတယ်… ထူးဆန်းတဲ့မိန်းကလေးနဲ့ ကင်မင်းဟာ မင်းမျိူးနွယ်ဘာကြောင့် သေရတာလဲ…လူသတ်တရားခံကဘယ်သူလဲ…သေတဲ့သူတွေက ဘာလို့မသေခင် သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး မီးရှို့ခံရတာလဲ…ဘယ်သူကမီးရှို့တာလဲစတဲ့ မေးခွန်းတွေကို ကင်မင်းနဲ့ ထူးဆန်းတဲ့မိန်းကလေးဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ CM ပရိတ်သတ်ကပဲ ဆက်လက်ကြည့်ရှုကြပါဦး…. Qty – 720p Web Dl
Duration – 1hr 45minGern – Action / ComedySubtitle – MyanmarTranslator – May Thu SoeReview – May Thu SoeEncoder – Kyaw Ye Aung

Detective K: Secret of Virtuous Widow (2011)

File Size :(850MB)Blueray

MediaFire Link


Detective K: Secret of the Lost Island (2015)


File Size :(900MB)Blueray

MediaFire Link



Detective K: Secret of the Living Dead(2018)


File Size :(950MB)Blueray

MediaFire Link

Share this article :

MMSubtitle

မင်္ဂလာပါ💕💕😊

 
Support : Creating Website | mmsubtitle | Mas Template
Copyright © 2011. Game & Movies House - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger